ကလေးဝ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(ဌာနအစီအစဉ်)ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များကိုပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံ တောင်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)