ဒေးဒရဲ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀)ဦးနှင့်နိုင်ငံရေးပါတီများကာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ စုဝေးစည်းရုံး ဟောပြောခွင့်ကို အောက်တိုဘာ (၂၈)ရက်နေ့မှ ဒီဇင်ဘာ (၂၆)ရက်နေ့အထိ ရက်ပေါင်း(၆၀) ခွင့်ပြုထားပြီးဖြစ်ပြီး၊ စုဝေးစည်းရုံးဟောပြောရာတွင်လည်း သတ်မှတ်ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စည်းရုံးဟောပြောကြရန် အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ရဲမှူးပိုထွန်းတို့က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ တွေ့ဆုံပွဲ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများက သိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
အေဇာလင်း