ကလေးဝ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ (ဌာနအစီအစဉ်) ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များကိုပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်