ကန့်ဘလူမြို့၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ် စာစောင်ပြပွဲကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်၊နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၂၇ ရက်နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ကျင်းပသည်။

 အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသင်းက လူကုန်ကူးမှုဆိုသည် မိမိအကျိုးစီးပွားတစ်ခုတည်းအတွက် လူသားများ၏ ကိုယ်ကာယ၊လုပ်အားများကို လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ် အကျိုးအ မြတ်ရယူခြင်းဖြစ်ကြောင်း စသည့်လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများ၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်က စားသုံးသူကာကွယ်ရေး သိကောင်းစရာများကို ဟောပြောကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)