မြောင်းမြ၌ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မြောင်းမြ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ရှိ အထင်ကရနေရာများ၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နှစ်စဥ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း စကြာသီဟ၊ စကြာနန္ဒစေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ဆောင်တိုင်မီးထွန်းပွဲတော်ကို မြောင်းမြခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဘုရားဂေါပကအဖွဲ့ဝင်များ ဦးဆောင်၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ ဘုရားဖူးပြည်သူများအနေဖြင့် ဘုရားပရဝုဏ်အတွင်း ဆီမီးပူဇော်ခြင်းနှင့် မြောင်းမြ မြစ်တစ်လျှောက် ဆီမီးပူဇော်ခြင်းနှင့်ဆီမီးမျှောခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)