စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲကျင်းပ

မုံရွာ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ပွဲကို အောက်တို ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖိတ်ကြာထား‌သော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ အမှုဆောင်သစ်ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဦးတင်ကိုကိုက ရွေးချယ်တင်မြောက်ပွဲနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများပါ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အလုပ်အမှုဆောင်များ၊ ဗဟိုအလုပ်အမှုဆောင်များကို အစီအစဉ်အတိုင်း ရွေးချယ် တင်မြောက်ခဲ့ကြပြီး စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ထမ်းဆောင်ကြမည့်သူများအား ရွေးချယ် တင်မြောက်ခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌက ရွေးချယ်တင်မြောက်ခံရသူများ၏ အမည်စာရင်းကို ဖတ်ကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များကို ရွေးချယ်တင်မြောက်ခဲ့ကြပြီး  ကော်မရှင်ဥက္ကဋ္ဌက ရွေးချယ်တင်မြောက်ခံရသူများ၏ အမည်စာရင်းကို ဖတ်ကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် ဥက္ကဋ္ဌအသစ်က အသင်း၏ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)