ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

မကွေး အောက်တိုဘာ ၂၆

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ မြို့နယ်ဥပဒေ အရာရှိများ၊ ဦးစီးအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အဖွင့်အမှာစကား ပြောကြားပြီး သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေက ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မတ်လမှ ဩဂုတ်လအထိ လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း Video Clip အား ပြသခဲ့သည်။ ယင်းနောက် က်ရောက်လာကြ သည့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ် ဥပဒေအရာရှိများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေက လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေကတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း