ရေဦး အောက်တိုဘာ ၂၅
ကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်တွင် စာပေဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရေဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာပြပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက “အနာဂတ်ကမ္ဘာလှပဖို့ လူငယ်များစာဖတ်စို့ “ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသားကျောင်းသူလေးများက ပြသထားသော လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဆောင်ရန် ရှောင်ရန်အချက်များ ပါ၀င်သော အသိပညာပေး ဗီနိုင်းပိုစတာများကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)