မြောင်းမြ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို ယနေ့ နံနက်( ၁၁ ) နာရီက အမှတ် ( ၉) ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးလှအောင်က မဲပေးစက်ဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ် မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ရပ်ကွက်မှအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်တွေ့စမ်းသပ်မဲပေးခြင်းအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဇေယျာ (မြောင်းမြ)