စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်း ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

ခန္တီး အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းနှင့် ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက မိမိတို့ဒေသဖွံ့ဖြိုးတက်ရေးအတွက် ဌာနဆိုင်ရာကဏ္ဍများအလိုက် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လမ်းတံတားများပြုပြင်ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေးပြည့်မီပြီး ရေရှည်အသုံးပြုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဒေသရှိကျောင်းများတွင် ဆရာ/ဆရာမ လုံလောက်မှုမရှိသည်များ တွေ့မြင်နေရ၍ ဆရာ/ဆရာမ အင်အားဖြည့်တင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးရွာများရှိ ဆေးခန်းများတွင်လည်း ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေသည်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။         

ဆက်လက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၇၄)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)