မအူပင် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Women Club အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ဆွေးနွေးပွဲဆောင်ရွက်ခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Women Club အဖွဲ့ဝင်များမှ မိမိတို့အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အကြံပြုဆွေးနွေးခဲ့ကြသည်။ ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူးမှ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ဝန်ထမ်းများ၊ Women Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ ပြသထားသည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)