မြောင်းမြ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက စျေးအတွင်း၊ အပြင်ရှိ စျေးဆိုင်များ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စျေးကော်မတီဝင်များ၊ စျေးများနှင့်ဘဏ်များရှိ မီးဘေးလုံခြုံရေးတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)