မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

မကွေး အောက်တိုဘာ ၂၅

သမဝါယမနှင့်‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ မ‌ကွေးတိုင်းဒေသကြီး ညွန်ကြားရေးမှူး(မြို့ပြ)ရုံးမှ ကြီးမှူးကျင်းပသော ဘဏ္ဍာရေးဆိုင်ရာမွမ်းမံသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၅)သင်တန်းကို အောက်တိုဘာလ ၂၁ ရက်နေ့က  ညွှန်ကြားရေးမှူးမြို့ပြရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဘဏ္ဍာရေးဆိုင်ရာ(မွမ်းမံ) သင်တန်းသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ရုံးချုပ် (နေပြည်တော်)၊ ငွေစာရင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာရေး)အပါအဝင် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်ရာက်သင်ကြား ပို့ချပေးခဲ့သည်။

အဆိုပါဘဏ္ဍာရေးဆိုင်ရာ မွမ်းမံသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးအရာရှိ(ဘဏ္ဍာရေး)နှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးများမှ တာဝန်ခံစာရင်းကိုင်များ အပါအဝင် သက်ဆိုင်ရာခရိုင်အလိုက် ငွေစာရင်းဝန်ထမ်းများ၊ စုစုပေါင်း သင်တန်းသားဦးရေ(၂၂)ဦးတို့အား သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးက အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်နေ့ထိ သက်ဆိုင်ရာကဏ္ဍများအလိုက် သင်ကြားပို့ချ ဆွေးနွေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)