ထားဝယ် အောက်တိုဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ် သမဝါယမကဏ္ဍမှ မိုးစပါး စီမံကိန်းဆောင်ရွက်သည့် ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ အမှတ်- ၁၁/၈ ၌ ရွှေဝါမြေစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှအသင်းသားတောင်သူဦးဟန်စိန်၏ မိုးစပါးစိုက်ခင်းများတွင် သီးနှံများအထွက် တိုးစေရေးဆောင်ရွက်နေမှုအခြေအနေများအားယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးသည်။
ထို့နောက်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးရွှေဝင်းကပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် မိုးစပါးစိုက်ခင်းများတွင်ဓာတ်မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်း ကြရန်နှင့် ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)