ဖျာပုံမြို့၌စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကျင်းပ

ဖျာပုံအောက်တိုဘာ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုငန်း ဦးစီးဌာနနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက် စေရေးနှင့်မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတက်စေရန်၊ ဒေသတွင်းဆင်းရဲနွမ်းပါးမှု လျော့ချစေရေးအတွက်ကျေးလက်ဒေသ များဖွံ့ဖြိုးတိုးတက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သောစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲ တွင်ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မိုမိုထွန်းက သတန်းဆင်းအမှာစကားပြောကြားပြီး ဖျာပုံခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်းက ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျော့ချစေရေး အတွက် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ပြည်တွင်းတွင် ရာသီအလိုက်ထွက် ရှိသောသီးနှံများ အရည်အသွေးကောင်းမွန်၍ သန့်ရှင်းပြီးအဟာရဓာတ်ပြည့်ဝသည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန်၊ ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက် သီးနှံများအားတာရှည်ခံ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင် လာစေရန်၊ တစ်ဦးချင်းဝင်ငွေ တိုးပွားလာစေရန်စသောစား သောက်ကုန်လုပ်ငန်းဆိုင်ရာ များအားအသေး စိတ်ရှင်းလင်းပြောကြားသည်။

ထိုနောက်ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်လတ်လတ်ဝင်း၊ ဖျာပုံခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမ ကြီးတို့က သင်တန်းဆင်းလက်မှတ်၊ သင်တန်းမှထွက်ရှိသောကုန်ချောပစ္စည်းများနှင့် သင်တန်းမှလုပ်ငန်းထူထောင်မည့်သူ (၂)ဦးအား လုပ်ငန်းသုံးပစ္စည်းများအားပေးအပ်ကြရာ သင်တန်းသူများမှ လက်ခံရယူကြပြီး အဆိုပါသင်တန်းတွင်မြို့နယ်အတွင်းရှိ သင်တန်းသူ (၂၀)ဦးအား မုန့်အမျိုးအစား(၁၀)မျိုးအား အောက်တိုဘာလ (၁၅)ရက်နေ့မှအောက်တိုဘာလ (၂၁)ရက်နေ့အထိလက်တွေ့သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)