မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အားပေးကြည့်ရှုစစ်ဆေး

ရေကြည် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့အားကစားရုံ၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ယမန်နေ့နံနက်(၁၀)နာရီအချိန်က အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး၊ တွေ့ကြုံရသည့်အခက်အခဲများ ဖြေရှင်းနိုင်ရေး၊ သေဆုံးသူများမပါဝင်စေရေး ထပ်မံကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

မြို့နယ် (ပြန်/ဆက်)