ဟားခါး အောက်တိုဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုတို့ဖြင့် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းအခမ်းအနားကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ကြည့်ရှုအားပေးသည်။
ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းအခမ်းအနားတွင် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်း (၆)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁၀)ကျောင်းမှ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူ(၄၀၄)ဦးအား ဆုံဆို့နှင့် မေးခိုင်ရောဂါကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းသူ (၄၅၂) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကိုလည်းကောင်း ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)