တီးတိန်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံ

တီးတိန် အောက်တိုဘာ ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးဌာနဝန်ထမ်းများက အသက်(၉)နှစ်နှင့် (၁၀)နှစ်ကြား ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက်(၅)နှစ်နှင့် (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား DT ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းရှိ‌‌ ကျောင်းသား၊ ကျောင်းသူ(၁၁၃)ဦးအား သွားရောက်ထိုးနှံ‌ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)