မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

တောင်တွင်းကြီး အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယမန်နေနံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ ပွင်လှလေး - ပွင့်လှကြီးလမ်းပေါ်ရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှူအား ကြည့်ရှု့စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တံတားတည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၂၉၅.၅၀၀)ကျပ်သန်းဖြင့် ပြေအောင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ပွင့်လှလေး - ပွင့်လှကြီးလမ်းမပေါ်ရှိ (18.288m) အရှည် (၆၀)ပေရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမိုးထိုက်က ရှင်းလင်းတင်ပြခဲ့ကာ အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ပွင့်လှလေးကျေးရွာ၊ အိမ်ထောင်စု (၁၁၃)အိမ်၊ လူဦးရေ (၄၈၇)ဦး၏ စိုက်ပျိုးရေး၊ကျန်းမာရေး၊ ပညာရေး နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပွင်လှလေးကျေးရွာရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ကျေးလက်နေပြည်သူအများစုသည်  စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏စီးပွားရေးနှင့် စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများ၏ စီးပွားရေးအဆင်ပြေမှသာ မိမိတို့ဒေသလည်း ဖွံ့ဖြိုးတက်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်နှင့် စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး  တက်ရောက်လာသော ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)