အောင်လံမြို့နယ်အတွင်း စက်သုံးဆီသယ်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

အောင်လံ အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်း စက်သုံးဆီသယ်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်နေ ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေဖြိုးဝင်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီသယ် ဆီဘောက်ဆာယာဉ်များကို မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခဲ့သည်။ ထို့နောက် စက်သုံးဆီသယ်ဘောက်ဆာယာဉ်များ၊ စက်သုံး ဆီအရောင်းဆိုင်များရှိ ဆီသိုလှောင်ကန်များသို့ ဆီဖြည့်တင်းရာတွင်လည်းကောင်း၊ လမ်းခရီးတစ်လျှောက်စက်သုံးဆီဘောက်ဆာယာဉ် မောင်းနှင်ရာတွင်လည်းကောင်း၊ မီးလောင်မှုမီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများနှင့် မီးဘေးလုံခြုံရေး အကြံပြုချက်များအား စနစ်တကျအလေးထားဆောင်ရွက်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။     

မျိုးသိန်း(ပြန်/ဆက်)