ကျောင်းကုန်း အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင့်မြတ်မြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာကြည့်တိုက်ကိုအသုံးပြု၍ သုတ/ရသစာအုပ်စာပေများ ဖတ်ရှုကြဖို့ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရလူငယ်နှင့်ယဉ်ကျေးမှုကဏ္ဍအား Grade-11 မှ မဆောင်းသဇင်ဝေကလည်းကောင်း၊ လူငယ်နှင့်စာပေကဏ္ဍအား Grade-7 မှ မမြသွေးပျိုမေကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးကဏ္ဍအား Grade-11 မှ မောင်သားကိုကို က လည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးကဏ္ဍအား Grade 8 မှ မအေးချမ်းသူကလည်းကောင်း၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade-10 မှ မောင်ထက်ဝေအောင်ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
လူငယ်စကားဝိုင်းအပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေကာကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
 
     
     
     
    