ရွှေသောင်ယံမြို့ သဘော့ကန်ကျေးရွာအုပ်စုတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

ရွှေသောင်ယံ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် ယမန်နေ့နေ့လည်ပိုင်းက သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးးဦးဆောင်၍ ဆရာမများမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကျန်းမာရေးလုပ်ငန်းစဥ်များမှာ အလယ်ချောင်းကျေးရွာရှိ မိသားစုဝင်များအား ကျန်းမာရေးမှူးမှ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျန်မာရေးဆရာမများမှ လူဦးရေ စာရင်းကောက်ခြင်း၊ ငှက်ဖျားရှိမရှိသွေးဖောက်စစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးခြင်းတို့အပြင် အထွေထွေရောဂါအတွက် လာရောက်ပြသကြသော ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)