ကျောင်းကုန်း အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား/သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား နိုင်ငံတော်မှ ချီးမြှင့်သော ဂုဏ်ပြုငွေနှင့်ပညာရေးဆု ပဒေသာပင်မှချီးမြှင့်သော ဂုဏ်ပြုငွေချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးမှူးရုံးရှိ “မြတ်ပညာ”ခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “မြန်မာ့ကျောင်း” သီချင်းသီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ပညာရေးဆုပဒေသာပင် မတည်အလှူရှင် ဒေါ်ရီရီမြင့်က ဆုပဒေသာပင်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သုံးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာအား ပညာရေးဆုပဒေသာပင်မှ ငွေကျပ်(၇)သိန်း၊ပညာရေး မိသားစုမှ(၅) သိန်းနှင့်ဘဝရှေ့ဆောင်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့် က(၁)သိန်း၊ စုစုပေါင်း (၁၃) သိန်းအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား/သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ(၁၆)ဦးတွင် (၂) ဘာသာရရှိသူ (၂) ဦးအား နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ငွေ (၃)သိန်းနှင့် ပညာရေးဆုပဒေသာပင်မှ (၁) သိန်း၊ စုစုပေါင်း(၄)သိန်းစီ၊ (၁)ဘာသာရရှိသူ (၃)ဦးအား နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁)သိန်းခွဲနှင့် ပညာရေးဆုပဒေသာပင်မှ(၅) သောင်း၊ စုစုပေါင်း(၂)သိန်းစီ၊ ရိုးရိုးအောင်မြင်သူ(၁၁)ဦးအား နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့် ငွေ(၁)သိန်းနှင့် ပညာရေးဆုပဒေ သာပင်မှ(၃)သောင်း၊ စုစုပေါင်း(၁)သိန်းသုံးသောင်းစီကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး၊ သုံးထပ်ကွမ်းလူရည်ချွန် မကောင်းဆုဟံသာက လူရည်ချွန်ရရှိရန်ဖြတ် သန်းခဲ့ရသောအတွေ့အကြုံအခြေအနေများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို “ဇာတိမာန်” သီချင်းသီဆိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
