ပလောက် အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို အ.ထ.က(ပလောက်)တွင် အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းများကို ပလောက်တိုက်နယ်ကျန်းမာရေးဝန်ထမ်းများသည် KG ကျောင်းသား၊ ကျောင်းသူများအား DT ကာကွယ်ဆေး (ဆုံဆို့နာရောဂါ၊မေးခိုင်ရောဂါ) နှင့်(၉ နှစ်မှ ၁၀ နှစ်) ကျောင်းသူများအား HPV (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အခြေခံပညာကျောင်းများသို့ အလှည့်ကျ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)