မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲနှင့်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မြို့သစ်   အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်း မှရရှိသောအသိပညာများပြန်လည်မျှဝေနိုင်စေရန်နှင့်လူငယ် များ၏စွမ်းရည် ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသောကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)ကိုအောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။

စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်း သားကျောင်းသူ (၃၀)ဦးက “ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးမှုမှသည် အနာဂတ်လူငယ်တို့၏ဘဝကို မြှင့် တင်ကြပါစို့” ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show) တွင်  စာရေးဆရာ   တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် (သူ့ကျွန်မခံပြီ)စာအုပ်အား   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒုတိယဦးစီးမှူး  ဒေါ်မြင့်မြင့်ထွေးက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတို့မှအထက်တန်းအဆင့်ကျောင်းသားကျောင်းသူ(၄)ဦးကစာအုပ် ပါအကြောင်းအရာများအားဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့်ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များကိုပြန်လည် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)