ဝါးခယ်မ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၊ တိုးပွားအောင် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်စီမံကိန်း) ဖြင့်ဆောင်ရွက်သော မိုးစပါးရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အသင်းသားတောင်သူ ဒေါ်ရင်ရင်ဌေး၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။
မိုးစပါးရိတ်သိမ်းပွဲသို့ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင်နှင့် ဝန်ထမ်းများ၊ တိုးပွားအောင် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားများနှင့်တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသင်းသားတောင်သူ ဒေါ်ရင်ရင်ဌေး၏ လယ်မြေ ၁၁ ဧက၌ 'အောင်နိုင်တိုး' မိုးစပါးရိတ်သိမ်းရာ တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း (၁၃၀) တင်းနှုန်းနှင့် ဒေါ်မြအိမွန်၏ စိုက်ပျိုးဧက ၄ ဧကတွင် 'အောင်နိုင်တိုး' မိုးစပါးရိတ်သိမ်းရာ တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း (၁၃၅) တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ ဆက်)
 
     
     
     
    