ပခုက္ကူ အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများမရှိစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်ကော်မတီဝင်များ စုပေါင်း၍ မြို့မဈေးကြီးအတွင်း အပြင်ရှိ မီးသတ်ဆေးဘူးများနှင့် အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းများ စနစ်တကျပြင်ဆင်ထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်မီးများ စနစ်တကျ ကိုင်တွယ်အသုံးပြုမှုရှိ/မရှိ၊ ရေလှောင်ကန်များ၌ ရေများဖြည့်တင်းထားမှု ရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ဈေးတာဝန်ခံများနှင့် ဈေးသူဈေးသားများအား သန့်ရှင်း ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ မီးလောင်စေသော အရာဝတ္ထုပစ္စည်းများနှင့် လောင်စာများအား ရှင်းလင်းဖယ်ရှားရေးတို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ကီးလိန်းဖေ