ဆင်ပေါင်ဝဲမြို့၌ မြို့နယ်တိုင်းရင်းဆေးကုသဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေး ကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာ ဓမ္မာရုံအတွင်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ဆေးကုသခြင်းလုပ်ငန်းများကို မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးငြိမ်းချမ်းစိုးနှင့် ဝန်ထမ်းကအဆိုပါရပ်ကွက်ရှိ ပြည်သူများအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာရောဂါများအလိုက် တိုင်းရင်းဆေးသောက် ဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)