နတ်မောက်မြို့နယ်ဘူးပင်တဲ ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်း (နဝမအကြိမ် မြောက်စက်ဝန်း) ပြန်လည်ထုတ်ချေးပေး

နတ်မောက်  အောက်တိုဘာ   ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း ဝင်ဖြစ်သည့် အတွက်မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ (နဝမအကြိမ်)ပြန်လည်ထုတ်ချေးပေးခြင်းကိုယမန်နေ့နံနက် ပိုင်းကဘူးပင်တဲ ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများကမြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့်ကျေးလက် နေပြည်သူများဆင်ရဲမှုလျော့ ကျစေရန်နှင့်တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ် ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင်လိုက် နာရမည့်စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ဘူးပင်တဲကျေးရွာ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက မြစိမ်းရောင်စီမံကိန်း နဝမအကြိမ် အဖြစ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၃၄)ဦးအားကျပ်(၁၆ဒဿမ၄) သန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၄၉)ဦးအားကျပ်(၂၂ဒဿမ၃)သန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ(၃)ဦးအားကျပ် (၁ဒဿမ၃)သန်းနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၂)ဦးအားကျပ်(၁ဒဿမ၀၀) သန်းစုစုပေါင်း (၈၈) ဦးအတွက် ကျပ်(၄၁ဒဿမ၀၀) သန်းကို အတိုးနှုန်း သက်သာစွာဖြင့် အသင်းသား/သူများအသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း