ရွှေသောင်ယံ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု အ.မ.က (၁၉၂) သဲကုန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီလွင်မှ ကျောင်းသား၊ ကျောင်းသူများအား "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။
ထိုသို့ဟောပြောရာတွင် လူငယ်ဆိုတာ ရည်မှန်းချက်ရှိရမည်ဖြစ်ပြီး အသက်အရွယ်အလိုက် ရည်မှန်းချက်များ ထားရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်နှစ်တစ်တန်းအောင်ရမည်ဆိုသည့် ရည်မှန်းချက်ထားရှိရမည်ဖြစ်ကြောင်း သို့မှသာ မိမိဘဝတိုးတက်ပြီး မိသားစုဘဝများမှစ၍ မိမိရွာ၊ မိမိမြို့၊ မိမိတိုင်းပြည်အထိ တိုးတက်မှုတွေကိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဟောပြောပေးခဲ့သည်။
ထို့နောက် နံရံကပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူလေးများမှ စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ရွှေသောင်ယံမြို့ပြန်/ဆက်ဦးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုံညီစွာ တက်ရောက်ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)