နတ်တလင်းမြို့၌ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

နတ်တလင်း အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်ခန့်မင်းငွေမှ လူကုန်ကူးမှု၏အဓိပ္ပာယ်၊ ခေါင်းပုံဖြတ်ခြင်းအကြောင်း၊ လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ငလျင်အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)