လက်ပံတန်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိစေရေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆန္ဒမဲပေးခြင်း လက်တွေ့ သရုပ်ပြ

လက်ပံတန်း အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိစေရေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ချမ်းသာကုန်းကျေးရွာအုပ်စု ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအေးကိုက မဲစာရင်းပါရှိစေရေး လျှောက်ထားရမည့်ပုံစံများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်များဖြစ်သည့် ဒေါ်စန်းစန်းသော်၊ ဒေါ်ခင်တုတ်တို့က တက်ရေက်လာသောပြည်သူများအား မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို အသေးစိတ်ရှင်းလင်းပြသခဲ့သည်။

အဆိုပါ လက်တွေ့သရုပ်ပြ အသိပညာပေးခြင်းကို လက်ပံတန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၃ အုပ်စုသို့ အောက်တိုဘာ ၂၂ ရက်နေ့ထိ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ချမ်းသာကုန်းကျေးရွာအုပ်စုမှ မဲဆန္ဒရှင်ပြည်သူ ၁၂၆ ဦးတက်ရောက် လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)