ပေါက်ခေါင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နည်းပညာ အထောက်အကူပြုသင်တန်း ဖွင့်လှစ်ပို့ချ

ပေါက်ခေါင်း အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နည်းပညာအထောက်အကူပြုသင်တန်းကို အောက်တိုဘာ (၁၆) ရက်နေ့ နံနက်ပိုင်း(၁၁)နာရီ အချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြည်နည်းပညာတက္ကသိုလ်မှ ဦးသောင်းထိုက်၊ ကတ္ထိက(Civil)နှင့် ဦးအောင်ဇေယျာဖြိုး(ဦးစီးအရာရှိ) ပေါင်းတည်မြို့နယ်တို့မှ အီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံများ၊ မဲပေးစက်တပ်ဆင်နေရာချထားခြင်းနှင့် မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက် ပုံအဆင့်ဆင့်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှု အခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ပေါက်ခေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅) ဦးခန့်တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မေးမြန်းခြင်းများအပေါ်  ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)