နတ်မောက်မြို့၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

နတ်မောက် အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ (၁၆) ရက်နေ့ နံနက်(၁၀)နာရီ အချိန်က အခြေခံပညာမူလတန်းကျောင်းဈေးရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး၊ ဦးစီးအရာရှိ(တွဲဖက်)က ကျောင်းသား/သူများ စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ လူငယ်လူရွယ်များ တစ်ဦးပေါ်တစ်ဦး စိတ်ကောင်းစေတနာများထားရှိပြီး အချင်းချင်းရိုင်းပင်း ကူညီကြရန်စသည့် အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး၊ ဒေါ်ဝင်းမေထွန်း (စာထောက်-၃)က  မြန်မာစာအရေးအဖတ် မှန်ကန်စေရေးအတွက် ဉာဏ်စမ်းမေးခွန်းများ မေးမြန်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း