ကြံခင်း အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ(၁)နာရီက စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club ၊ Women Club ၊ Youth Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “လူငယ်ဆိုတာ လန်းရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club အဖွဲ့ဝင် ဦးခင်မောင်ဌေးက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ Book Club အဖွဲ့ဝင် ဦးခင်မောင်ဌေးက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “လူငယ်ဆိုတာ လန်းရမယ်” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ကဗျာဆရာ ဦးမြတ်ထွန်း(ရာဇာငယ်ကနောင်)က “ဘဝဆိုတာ ကိုယ်ကဖန်တီးတဲ့အရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က “အဆိုး အကောင်း ပြောင်းလဲခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ အမွန်(ကြံခင်း)က “တန်ဖိုးရှိသော လူငယ်များ” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသော Book Club, Women Club, Youth Club အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်ကြရာ Book Club အဖွဲ့ဝင် ဦးခင်မောင်ဌေးက ခြုံငုံသုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တို့အား Book Club, Women Club, Youth Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)