ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင် (၁၅၀၀၀၀)မျိုး စိုက်ထည့်

ထန်းတပင်(ပဲခူး) အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့်ရေလုပ်သားများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)မျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့အဝင် စစ်တောင်းတံတားထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရေလုပ်သားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တာဝန်ရှိသူများက (၂)လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကို စစ်တောင်းမြစ်အတွင်းသို့ စုပေါင်းကာ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)