ညောင်လေးပင်မြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းထွက်သီးနှံ(မြေပဲ) ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး နည်းပညာပေးသင်တန်းနှင့် မျိုး၊ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ

ညောင်လေးပင် အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သမဝါယမအသင်းမှ ဆောင်းထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်သမဝါယမကဏ္ဍမှ ဆောင်းထွက်သီးနှံ (မြေပဲ)စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် နည်းပညာပေး ရက်တိုသင်တန်းအား သမဝါယမအသင်းသား ညောင်လေးပင်မြို့နယ်မှ အသင်းသား(၃၇)ဦး၊ ဒိုက်ဦးမြို့နယ်မှ အသင်းသား(၂၅)ဦး၊ ကျောက်တံခါးမြို့နယ်မှ အသင်းသား(၂၀)ဦး စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ကြပြီး ဆရာ(၂)ဦးမှ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမြင့်၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)