ပြည် အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရန် အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဒေသန္တရကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်/ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ နယ်မြေအလိုက်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်းကောင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးပေးရာတွင်လည်းကောင်း တီဘီရောဂါရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ယခုလ ၁၄ရက်နှင့် ၁၇ရက်တို့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းနှင့် နယ်မြေခံကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ရွှေတံခါးရပ်ကွက်နှင့် နဝဒေးရပ်ကွက်ပိုင်စက်မှုဇုံတို့ရှိ တီဘီလူနာနှင့်အတူနေမိသားစုဝင်များ၊ တီဘီရောဂါလက္ခဏာရှိသူများ၊ စက်ရုံအလုပ်သမားများ၊ ကျောင်းသား/သူများနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း(၃၁၇)ဦးကို ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းတို့ ရှာဖွေစစ်ဆေးဆောင်ရွက်ခဲ့ရာ တီဘီလူနာ(၁၃)ဦး ရှာဖွေဖော်ထုတ် နိုင်ခဲ့ပြီး ကျန်လူနာများကိုလည်း လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)