ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ထပ်တိုးကြေညာထားရှိမှုဒေသခံပြည်သူများ လာရောက်ကြည့်ရှု

ဆိပ်ဖြူ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရေး မဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်အရှင်အဖွဲ့ခွဲတို့က ပထမအကြိမ် ရက်ထပ်တိုးကြေညာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလမှစတင်၍ အောက်တိုဘာလ (၁၃)ရက်နေ့အထိ မူလက ထပ်တိုးကြေညာထားရှိပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်စေရန် ဆန္ဒမဲပိုင်ရှင်များ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုများ စစ်ဆေးဆောင်ရွက်နိုင်စေရန်၊ မဲစာရင်း၌ မိမိအမည်မပါရှိသေးပါက ဖြည့်သွင်းလျှောက်ထားနိုင်ရေးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား ကန့်ကွက်လိုပါက ကန့်ကွက်လိုသူများကိုယ်တိုင် လျှောက်ထားဆောင်ရွက်နိုင်ရေး၊ ဖြည့်သွင်းလျှောက်ထားနိုင်ရေးတို့အတွက် ပထမအကြိမ်ရက်ထပ်တိုးကြေညာခြင်းကို အောက်တိုဘာလ(၁၄)ရက်နေ့မှ(၂၀)ရက်နေ့အထိ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်များက ရက်ထပ်တိုးကြေညာခြင်းကို လာရောက်ကြည့်ရှုလျက်ရှိသလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းကြေညာစာရင်း၌ အမည်စာရင်းမပါရှိခြင်း၊ အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ နိုင်သားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာကွဲလွဲမှုနှင့် ကန့်ကွက်လိုသူ လူပုဂ္ဂိုလ်များအား ရပ်/ကျေးကော်မရှင်အဖွဲ့ရုံးများထံမှ သက်ဆိုင်သည့်လျှောက်လွှာများ တောင်းခံ၍ ဖြည့်သွင်းရေးသား လျှောက်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရိန် (ဆိပ်ဖြူ)