ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဓနုဖြူ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား(၂၆)ဦး၊ ကျောင်းသူ(၆၀)ဦး စုစုပေါင်း(၈၆)ဦးက မဲစနစ်ဖြင့် ကျရာခေါင်းစဥ်များအား ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား(၃၆)ဦး၊ ကျောင်းသူ(၇၁)ဦး စုစုပေါင်း(၁၀၇)ဦးတို့သည် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ရက်တာဖြေဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)