ကြံခင်း အောက်တိုဘာလ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား အောက်တိုဘာလ ၁၆ ရက်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်မည့် ကြံခင်း-ဘက်ရဲလမ်းမှ ကြိုးကြာတန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Phyo Thiri Kyaw co.ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တံတားဉီး ကွန်ကရစ်တံတား ပေ ၁၀၀ ဒုတိယပိုင်း တည်ဆောက်ခြင်း လုပ်ငန်းအခြေအနေများအား ကျေးလက်လမ်းဖွံဖြိုးရေးဉီးစီးဌာနမှ အင်ဂျင်နီယာချုပ် ဉီးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဉီးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်ကျေးလက်လမ်း ဖွံဖြိုးရေးဉီးစီးဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းစစ်ဆေးကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။
ဖြိုးဝေလင်း (မြို့နယ်-ပြန်/ဆက်)