မအူပင် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က ရောက်ရှိလာပြီး မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ယင်းနောက် စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာ၊ မအူပင်-မော်ကျွန်းကားလမ်းဘေးရှိ ဦးကျော်မင်းစိုးပိုင် ပြည့်ဖြိုးကြွယ်ဆန်စက်သို့သွားရောက်ပြီး ဆန်စက်လုပ်ငန်းလည်ပတ်မှုအခြေအနေများနှင့် ထင်း၊ မီးသွေးအစားထိုးသုံး စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုတွေ့ဆုံပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မအူပင်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး မိမိတို့၏လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအားတင်ပြရာ စီးပွားရေးရာဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)