၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး တက်ရောက်ချီးမြှင့်

ဟားခါး အောက်တိုဘာ ၁၅

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တို ဘာလ ၁၃ ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ခတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၆၄/၂၀၀) အပေါ်အခြေခံပြီး နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံတော်အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သဘာဝဘေးဆိုသည်မှာ မလွန်ဆန်နိုင်သည့် မလွဲမသွေကြုံတွေ့ရမည့် အန္တရာယ်ဖြစ်ပြီး ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိကြောင်း၊ သဘာဝဘေးသည် သဘာဝကြောင့်ဖြစ်သည့် ဘေးနှင့်လူများ၏ ပရောဂကြောင့်ဖြစ်သည့်ဘေးဟူ၍ (၂) မျိုးရှိသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့မိုးလေဝသအဖွံ့ချုပ်၏ မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း ရေကြီး၊ ရေလျှံမှုများကြောင့် နှစ်စဉ် ပျက်စီးဆုံးရှုံးမှုအမြောက် အမြားဖြစ်ပေါ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တစ်နှစ်တည်းတွင်ပင် တောင်အာရှဒေသ၌ လူပေါင်း ၆၅၀၀ သေဆုံးပြီး စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံဆုံးရှုံးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ၂၀၂၅ ခုနှစ်သည် ကမ္ဘာကြီးအတွက် သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာသည့်နှစ်ဟု ဆိုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဘုရားစေတီပုထိုးများ၊ စာသင်ကျောင်းများ၊ တံတား၊ ဆည်မြောင်းတာတံမံများ၊ အမြန်လမ်းမကြီးများ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ မြန်မာငွေကျပ် ၇၉၇၉ ဘီလီယံခန့်ဖြစ်သည်ဟု သိရှိရကြောင်း၊ ချင်း ပြည်နယ်တွင် ၂၀၂၄−၂၀၂၅ ခုနှစ်အတွင်း မီးလောင်မှု ၂ ကြိမ်၊ မြေပြိုမှု ၃၅ ကြိမ်၊ ရေဘေး ၁ ကြိမ်၊ အကြမ်းဖက်ခံရမှု ၁ ကြိမ်ရှိပြီး အိမ်ထောင်စု (၁၀၃၃) စု၊ လူဦးရေ ( ၃၆၆၄ ) ဦးက ထိခိုက်ခံစားပြီး (၂) ဦးသေဆုံးခဲ့ကာ ဘေးဒဏ်ကြောင့် ကျပ် ၄၉ ဒသမ ၈၃ သန်း ဆုံးရှုံးခဲ့ရကြောင်း၊ ဘေးအန္တရာယ် များ၏ သဘာဝအရ ဘေးမဖြစ်ပွားစေရေး တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်များ၏ သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး စသည့် နည်းလမ်းများဖြင့် စီမံဆောင်ရွက်ကြရကြောင်း၊ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းသည့် အဓိကကျသော လုပ်ငန်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေ၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဆောင်ပုဒ်နှင့်အညီ ထိခိုက်ဆုံးရှုံးမှုဖြစ်နိုင်သည့်နေရာများတွင် ရန်ပုံငွေများ ပိုမိုသုံးစွဲပြီး ချင်းပြည်နယ်အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်နှင့်အညီ ဖွဲ့စည်းသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များက ကြိုတင်ကာကွယ်ရေး၊ လျှော့ချရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ အသတင်းစကားသံ Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။                                   

ခရိုင်(ပြန်/ဆက်)