နာဂဒေသ လဟယ်မြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လဟယ်   အောက်တိုဘာ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လစဉ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ အချိန်က လဟယ်မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြာကြားပြီး ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း အခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲများပေးနိုင်ရေး ပထမကြိမ်မဲစာရင်းများ ကပ်ထားကြေညာပြီးဖြစ်၍ မိမိအမည်စာရင်းများမဲစာရင်းတွင်ပါရှိမှု ရှိ/မရှိ သက်ဆိုင်ရာ ရပ်ကွပ်ရုံးများတွင်သွားရောက် ကြည့်ရှုစစ်ဆေးပြီး မပါရှိပါက သတ်မှတ်ပုံစံများဖြင့် လျှောက်ထားကြရန်နှင့် ဌာနဆိုင်ရာ၀န်ထမ်းများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဌာနအလိုက် တာ၀န်ပေးအပ်မှုကို ကျေပွန်စွာပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၀င်များက ဖြည့်စွက်ဆွေးနွေးပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်လုပ်ငန်း‌ဆောင်ရွက်နေမှု နှင့်ပါတီစုံထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မိမိဌာနအလိုက် ပူး‌ပေါင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ဆွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌအဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)