ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲစိုက်ခင်းအတွင်း ဂျစ်ပ်ဆမ်ထည့်သွင်းအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းအတွင်း ဂျစ်ပ်ဆမ်ထည့်သွင်းအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက သစ်ရာမြိုင်ရပ်ကွက်၊ ကွင်းအမှတ် (၄၉၂) တောင်သူဦးခင်မောင်ညွှန့် ၏ ယာမြေ ၅ ဧက၌ ကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ဂျစ်ပ်ဆမ်စနစ်တကျထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု တိုးတ‌က်ကောင်းမွန်ခြင်း၊ မြေပဲအတောင့်ကြီးထွားပြီး အစေ့အဆံပိုမိုပြည့်ဝခြင်း၊ အထွက်နှုန်းကောင်းခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများအား ဂျစ်ပ်ဆမ်များပေးအပ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် ကော်မတီဝင်များ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ