ကျောင်းကုန်းမြို့၌ ကော်ဖီပျိုးပင်(၉၇၀)ပင် ပေးအပ်ပွဲ ကျင်းပ

ကျောင်းကုန်း အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ကော်ဖီပျိုးပင်များပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီပျိုးပင် (၉၇၀)ပင်ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး‌ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကော်ဖီပျိုးပင်များကို အရိပ်ရပြီး နေကာမည့်နေရာများတွင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ဖုံးလွှမ်းမှုကို အထောက်အကူပြုကြောင်း၊ သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)