လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)၊ ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးနှင့် Covid (Pfizer)ထိုးနှံပေး

လိပ်သို အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV)၊ ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးနှင့် Covid (Pfizer) ကာကွယ်ဆေးထိုးနှံခြင်းတို့ကို အောက်တိုဘာ ၁၃ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို တိုက်နယ်ကျန်းမာရေးဆရာမ ဒေါ်မိမိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရခြင်းနှင့်ပတ်သက်ပြီး  ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကိုပြောကြားခဲ့ကာ အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၀) နှစ်မကျော်သော ကျောင်းသူ (၂၇) ဦးတို့အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) နှင့် KG ကျောင်းသား၊ ကျောင်းသူ (၃၉) ဦးတို့အား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထို့နောက် အဆိုပါကျောင်းရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား Covid (Pfizer) ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်ဖလောရင်း