ဆိပ်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်

ဆိပ်ဖြူ  အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို အောက်တိုဘာလ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အဂတိတရား ကင်းရှင်းခြင်းဖြင့် လူမှုအသိုင်းအဝန်းနှင့် အဖွဲ့အစည်းများ၌ လုပ်ငန်းများအောင်မြင်တိုးတက်နိုင်စေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ခြင်းဖြစ်ကြောင်းအဖွင့် အမှာစကားများပြောကြားပေးသည်။ ၎င်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်က  အဂတိတိုက်စားမှုနှင့် မျိုးဆက်သစ်တို့ ဆိုးမွေများအကြောင်း သိကောင်းစရာကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးမြတ်သူဇာက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးပါ  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)