ဖျာပုံ အောက်တိုဘာ ၁၄
ရာဝတီတိုင်းသေကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ သီးနှံစွမ်းအားတိုးတက်မြင့်မားလာစေရေး၊နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာ တိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ မယ်ညိုကျေးရွာ၊ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ် ၂၅/၇ရှိ တောင်သူဦးမျိုးမြင့်၏ ဥယျာဥ်ခြံမြေတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကော်ဖီပင်ပေးအပ်ခြင်းနှင့်စိုက်ပျိုးရာတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ၊ ဖျာပုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးနှင့်ဝန်ထမ်းများ၊ သလိပ်ကြီးကျေးရွာအုပ်စုမှတောင်သူများ တက်ရောက်ကြပြီး ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးက ကော်ဖီပင်စိုက်ပျိုးနည်းစနစ်နှင့်အပင်ပြုစုထိန်းသိမ်းခြင်းဆိုင်ရာများအားအသိပညာပေးဟောပြောပြီး ကော်ဖီပင်များအား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ဖျာပုံမြို့နယ်အနေဖြင့်မိသားစုဝင်ငွေတိုးပွားစေရေး၊ သီးနှံစွမ်းအားတိုးတက်မြင့်မားလာစေရေးအတွက် ကော်ဖီပင်စိုက်ဧက(၁၀၀)ဧက စိုက်ပျိုးရန် လျာထားပြီး ကော်ဖီပျိုးပင် (၄၃၅၀၀) ပျိုးထောင်ထားရှိပြီး ကျေးရွာအုပ်စု (၂၁)အုပ်စုတွင် စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)