ငရုတ်ကောင်းမြို့(အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးဆောင်ရွက်

ငရုတ်ကောင်း အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အ-ထ-က)ကျောင်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။

ယခုအခါ မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (အ-ထ-က)ကျောင်းအတွင်း မီးသတ်ဆေးဘူးများထားရှိရေး၊ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ/မရှိ ပူးပေါင်း အဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ‌ ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ မီးသတ်တပ်ဖွဲ့မှလက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မီးသတ်ဆေးများထားရှိမှု၊ ကျောင်း‌ဆောင်များသို့ သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများ သွယ်တန်းထားမှုနှင့်‌ ကျောင်းတွင်းထားရှိသော ရေလှောင်ကန်တို့ကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း  သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)